🎯ရာသီတုပ်ကွေးနှင့် အစားအစာ🎯

📣မိတ်ဆွေ သင်ဖြစ်ဖြစ်(သို့) သင်ချစ်ခင်ရသော တယောက်ယောက် ဖြစ်စေ ရာသီတုပ်ကွေး ဖြစ်နေလျှင်
မည်သည့် အစားအစာကိုစားသောက်ရမလဲ❓️
မည်သည့် အစားအစာကို ရှောင်ကျဥ်ရမလဲ❓️

🤒ရာသီတုပ်ကွေး ဖြစ်နေချိန်မှာဖြစ်စေ ဖြစ်ပြီး နလန်ထကာစ အချိန်တွေမှာ အစားအသောက်ပျက်ကြတာ ထုံးစံပါပဲ။
😮‍💨 အဲဒီအချိန်မှာ အစားနည်းတတ်ကြပါတယ်။

🙂အစားနည်းတာ ပြဿနာ မဟုတ်ပါဘူး။

😃 အစားအသောက်မှန်ကန်အောင် ရွေးချယ်စားသောက်မှသာလျှင် မြန်မြန်နေကောင်းပြီး မြန်မြန် နလန်ထမှာ ဖြစ်ပါတယ်။😃

1️⃣နံပါတ်၁ အချက်ကတော့ ရေဓါတ် ပြည့်ဝနေဖို့ပါပဲ။

☑️စွပ်ပြုတ်ရည်
☑️ဂျင်းရေနွေးကြမ်း
☑️ပျားရည်ရေနွေးကြမ်း
☑️အသီးဖျော်ရည်(သကြားမပါ)
စသည်တို့ကို သောက်သုံးသင့်ပါတယ်။

️⃣သင်ဟာ ဝမ်းလျှောနေလျှင် ဓါတ်ဆားကို အချိုးကျ သောက်သင့်ပါတယ်။️⃣

2️⃣နောက်တစ်ခုစားသင့်တာက 🧄ကြက်သွန်ဖြူဖြစ်ပါတယ်။ လေ့လာမှုတခုမှာ 🧄ကြက်သွန်ဖြူစားသုံးခြင်းသည် ကိုယ်ခံအားကိုတက်စေပြီး ရောဂါပြင်းအားကိုလည်းလျှော့ချပေးပါတယ်။
👍ကြက်သွန်ဖြူ အစိမ်းစားလျှင် အဆင်ပြေပါတယ်။

3️⃣နောက်ထပ် ထပ်ရွေးချယ်သင့်တဲ့ အစာကတော့ 👉👍ဒိန်ချဥ် ဖြစ်ပါတယ်။ ဒိန်ချဥ်မှာ 👍ပရိုဘိုင်အောတစ် (probiotics) ကုံလုံ ကြွယ်ဝစွာပါဝင်ပါတယ်။

ပရိုဘိုင်အောတစ် (probiotics)များသည် ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားများဖြစ်ပြီး ခန္ဓာကိုယ် ခုခံအားစံနစ်ကို ကောင်းမွန်စေပါသည်။

❗️သို့သော် ဒိန်ချဥ်ရွေးချယ်ရာတွင် သကြားမရောထားသော ဒိန်ချဥ်စစ်စစ် ဖြစ်သင့်ပါသည်။ 👍ပျားရည်နှင့်ရောနှော၍ သုံးဆောင်လျှင်လည်း ရပါသည်။🧉

4️⃣ဗီတာမင်စီ ကြွယ်ဝသော အသီးအရွက်များ ကိုလည်းစားသုံးသင့်ပါတယ်။
ဗီတာမင်စီ သည်ကိုယ်ခံအားစံနစ်ကို ပြုပြင်ပေးပါတယ်။
ဗီတာမင်စီ ကြွယ်ဝသော အသီးအရွက်များမှာ

☑️ဂရုတ်ပွ🫑
☑️လိမ္မော်သီး(သို့) လိမ္မော်သီးဖျော်ရည်
☑️ဂရိတ်ဖရုသီး (သို့) ဂရိတ်ဖရုသီး ဖျော်ရည်
☑️ကီဝီသီး🥝
☑️ပန်းဂေါ်ဖီစိမ်း🥦

5️⃣အစိမ်းရောင်ရှိသော အရွက်များ ဥပမာ🥬 ကိုက်လန်၊ကန်ဇွန်း တို့မှာလည်း ကိုယ်ခံအားတက်စေသော ဗီတာမင် A,C,E,K တို့ပါဝင်သောကြောင့် ရွေးချယ်စားသုံးသင့်ပါတယ်။

6️⃣အုတ်(oatmeal) ဟာဆိုရင်လည်း ရွေးချယ်စားသုံးသင့်ပါတယ်။ အုတ်(oatmeal) မှာ ကိုယ်ခံအားကို မြှင့်တင်နိုင်သော ✴️ကော့ပါး၊သံဓါတ်၊ ဆလီနီယမ်၊ ဇင့် တို့နှင့်အတူ အမျှင် (fiber)၊ အသားဓါတ် (protein)များ ပါဝင်ပါတယ်။✴️

7️⃣ထို့အပြင် နေ့စဥ်အစားအသောက်များတွင် 🫚နနွင်း၊ ဂျင်းစသည်တို့ကိုလည်း ထည့်သွင်းစားသောက်သင့်ပါတယ်။ ၎င်းတို့အားစားသုံးခြင်းသည် ကိုယ်ခံအား
မြင့်စေယုံသာမက နှာစေးနှာပိတ်ခြင်းများကိုလည်း
သက်သာစေပါတယ်။

💥ရာသီတုပ်ကွေး ဖြစ်နေစဥ် ရှောင်သင့်သောအစားအစာများ💥

1️⃣အရက်၊ဘီယာများ- ကိုယ်ခံအားကျစေပြီး ရေဓါတ်ခမ်းခြောက်စေပါတယ်။

2️⃣အဆီများသောအစာများ ဥပမာ- ဆီကြော်မုန့်များသည် အစာချေဖျက်ရန် ခက်ခဲပါသည်။

3️⃣သကြားနှင့် သကြားပါသော ဖျော်ရည်များ

4️⃣တာရှည်ခံအစားအစာများ

🥰မိတ်ဆွေတို့အနေဖြင့် ရာသီတုပ်ကွေး ဖြစ်နေစဥ် ဖြစ်စေ၊ နလန်ထအချိန်တွင် ဖြစ်စေ မြန်မြန်ပြန်ကောင်းစေရန် အစားအသောက်များရွေးချယ်စားသောက်
နိုင်ကြပါစေ။

Dr.Strength

https://www.facebook.com/profile.php?id=100090249511383

Leave a comment

Design a site like this with WordPress.com
Get started